Thursday, June 17, 2010

ရန်ကုန်မှဖုန်းဆက်သည်

အန်တီသတိရကြောင်းဖုန်းဆက်သည်၊
ကျတော်ကိုဗိုလ်မှူးကသူဆီကို ဖုန်းဆက်ရန်မှာကြောင်း
မယု ရာထူးတိုးကြောင်းပြော၊ တစ်လတကြိမ်ဖုန်းဆက်ရန်မှာ
ကျန်းမာရေးကောင်းအောင်နေရန်။

Sunday, June 13, 2010

clementi အိမ်အလည်

မနက် clememti အိမ်ရောက် ၁၀း၀၀ ကျော် ကိုဝင်းနိုင်စိုး ခြံသွားပြီး
အိမ်ပြန် ထမင်းစားခဲ့သည်။ နေ့လည် bugis ဈေးသွားပြီး။ ညနေ ပြန်
ဘီယာသောက်ပြီး။ ညစာစားပြီးပြန်ခဲ့သည်။ ကိုအောင်ကျော်လင်းကားပျက်သည်။
အခန်းကို ၁၀း၁၀ ခန့်ပြန်ရောက်ခဲ့သည်။

Sunday, June 6, 2010

ပိတ်ရက်ကလေး

မနက် ကိုအောင်ကျော်လင်း နှင့် AE တို့ကို boonlay တွေ့ပြီး။
မနက်စာစား၊ ကိုဇော်ဝင်းမောင် အိမ်သွားပြီး ညနေ့ အခန်းပြန်ခဲ့သည်။
ကိုမြင့် ကိုဝင်းနိုင်စိုးတို့ကိုခေါ်ကာ ကိုအောင်ကျော်လင်းကားရှိရာသွားခဲ့ပြီကားပြင်ခဲ့သည်။
အခန်းကိုည၁၂း၀၀ ရောက်ခဲ့သည်။

Saturday, June 5, 2010

ကျတော် ဒီနေ့ မိဘများထံ ဖုန်းဆက်၊
နေကောင်းကျန်းမာရှိပါကြောင်း သိရသဖြင့် ၀မ်းသာရပါတယ်။
ညတွင် သူငယ်ချင်းများနှင့် အတူညစာစားခဲ့သည်။ Boonlay shopping center
ဆိုင်သစ်တွင်မိဘများထံသို့ ငွေလွှဲခဲ့သည်။

Wednesday, June 2, 2010

ကျတော်ရဲ့အတွေး

ကျတော်လေ တခါတလေမှာ အိမ်ကိုပြန်ချင်တယ်။
ဒါပေမဲ့ ပြန်ရောက်သွားရင်လည်း ကျတော်ရဲ့လက်ရှိနေရာလေးကိုအမြန်ဆုံးပြန်လာချင်တယ်။
ကျတော်အခုဆိုရင်အရမ်းပင်ပန်းတယ် မလုပ်ချင်လည်းလုပ်လုပ်ချင်လည်းလုပ် သည်းခံနေရတာပဲလေ။
ဒါဘာကြောင့်လည်း ဆိုတော့ ကိုယ်ရွေးချယ်ထားတဲ့လမ်းကို ပြီးဆုံးအောင်လျောက်မယ်ဆိုတဲ့ စိတ်ကြောင့်ပါပဲ။

Tuesday, June 1, 2010

တွေးမိတွေးရာရေးထားတဲ့စာတိုလေးများ

ဒီနေ့မှ blog အသစ်တခု ဖန်တီးထားပါတယ်။
နောက်အချိန်ရှိသမျှရေးသွားဖို့ စိတ်ကူးထားပါတယ်။
စင်ကာပူကိုစရောက်တဲ့ ၂၀၀၈ ခုနှစ်ကဆိုရင် ကျတော်အရမ်းအားငယ်မိပါတယ်။
အခုတော့ ၂၀၁၀ မှာ ဘာမှအားငယ်စရာမရှိတော့ဘူး။
ဘယ်သူကိုမှလည်း အားကိုးလို့မရဘူးဆိုတာတွေ သိလာရတယ်။